ဓမ္မဒူတဆရာတော်ဒေါက်တာအရှင်ဆေကိန္ဒ မြင့်မြတ်ဖြူစင် သွေးလှူရှင်အသင်း၏ ၂၀ ကြိမ်မြောက်ဥပပါရမီသွေးလှူဒါန်းပွဲနှိုးဆော်လွှာ


ခပ်သိမ်းကုန်သော သူတော်ကောင်းအပေါင်းတို့သည် မိမိတို့ ၏ စည်းစိမ်ဥစ္စာကိုလည်းကောင်း၊ မိမိတို့ ၏ အသွေး၊ အသား၊ ခြေ၊ လက်အင်္ဂါ အသက် အစရှိသည်တို့ကိုလည်းကောင်း လှူဒါန်းကြရာတွင် လက်မရွံ့နောက်မတွန့်ပဲ စွန့်လွှတ်ကြသူချည်းသာဖြစ်သည်။ စွန့်လွှတ်လိုသူတို့အတွက် စွန့်လှူရန် ပစွည်းများ အများအပြားပင်။ စွန့်လွှတ်ရန်အတွက်လည်း အင်မတန်လွယ်ကူကြသူချည်းပင်ဖြစ်သည်။

ထို့ ကြောင့်လည်း နိဗွာန်ဟူသောငြိမ်းအေးရာသည် ထိုသူတို အဖို့လွယ်ကူစွာပင် ရရှိကြစမြဲပင်ဖြစ်ချေသည်။ မစွန့်လွှတ်လိုသူများအဖို့ စွန့်လှူရန် ပစွည်းရှားပါးနေတတ်သည်။


ထို့ အပြင်လိုချင်စရာများ လောကအလယ်များပြားနေပြန်သည်။အလိုလောဘတို့ တနင့်တပိုးဖြစ်နေတတ်ပါသည်။ စွန့်လွှတ်ရန် ခက်ခဲသူတို.အတွက် နိဗွာန်ဟူသော ငြိမ်းအေးရာသည်လည်း ရရှိဖို့ရန် ထိုသူတို.အတွက် ခက်ခဲသောအရာတစ်ခုပင် ဖြစ်ချေတော့သည်။ ယခုအခါတွင် ဆရာတော် ဓမ္မဒူတအရှင်ဆေကိန္ဒ ဦးဆောင်သော မြင့်မြတ်ဖြူစင် သွေးလှူရှင် အသင်းသည် ရန်ကုန်ဆေးရုံကြီး အမျိုးသားသွေးလှူဘဏ်တွင် ၇.၇.၂၀၁၂ (စနေနေ့) တွင်စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပ ပြုလုပ်ကြပါမည် ။ ပါဝင်လှူဒါန်းလိုသူ သဒ္ဓါကြည်လင် စေတနာရှင်အပေါင်းတို့အနေဖြင့် မိမိတို.စွမ်းအားရှိသမျှ ဒါနဥပပါရမီ ဖြည့်ဆည်းနိုင်ကြပါစေခြင်း အလို.ငှာ ရန်ကုန်ဆေးရုံကြီးအမျိုးသားသွေးလှူဘဏ်တွင် ၇.၇.၂၀၁၂ (စနေနေ့)၌ သွားရောက်၍ လှူဒါန်းနိုင်ကြပါကြောင်း သတင်းကောင်းပါလိုက်ရပါသည်ခင်ဗျား။

သင့်သွေးတစက်...ကုသိုလ်ဖက်
မြင့်မြတ်ဖြူစင်...သွေးလှူရှင်
ပြုံးပန်းပွင့်လန်း...သွေးလှူဒါန်း
ထူးကဲပါရမီရှင်...ဖြစ်စေချင်
မောင်မယ်တို့အစွမ်း...ညီစေကြောင်း
သွေးလှူပွဲက... သက်သေတည်

Related product you might see:

Share this product :

Post a Comment